LEARNER GUIDE လာလည်သူများကိုကြိုဆိုပါတယ်ခင်ဗျာ။

Learner Guide မှ Download မလုပ်တတ်သူများအတွက် Learner Guide လမ်းညွှန် ကိုတော့ ဖတ်ပေးကြပါနော်

LEARNER GUIDE BOOK LIBRARY လေးမှာ စာအုပ်လေး Download လုပ်နိုင်ပါပြီခင်ဗျာ..။

Mobile User များအတွက် LEARER GUIDE Mobile App လေးပါ.။


Showing posts with label Android Mobile. Show all posts
Showing posts with label Android Mobile. Show all posts

Monday, June 10, 2013

Bagan Keyboard Pro For Android OS






မြန်မာ စာ ကီးဘုတ်လေးပါ.. အရင် Frozen Keyboard နဲ့ နည်းနည်းလေးကွာခြားပေမဲ့
သုံးလို့တော့ တော်တော်လေးကောင်းပါတယ်.။
မိမိ ရိုက်လိုက်တဲ့ စာသားနဲ့ အနီးစပ်ဆုံး တူညီတဲ့ ဝေါဟာရကိုပါ Suggest လုပ်ပေးမှာဖြစ်ပါတယ်.။
Keyboard Layout ကလည်း ကွန်ပြူတာနဲ့ သိပ်မခြားနားသလို Text Emotion လေးကိုလည်း
Press လုပ်ထားရုံနဲ့အသုံးများတာလေးတွေကို ပြပေးမှာဖြစ်ပါတယ်..။
အခု မှ အသစ်ထွက်တာဖြစ်လို့ စမ်းသုံးကြည့်ချင်တယ်ဆိုရင်
အောက်က လင့်လေးမှာ Download လုပ်သွားပါနော်..။


Bagan Keyboard Pro For Android OS Download Here

အဆင်ပြေကြပါစေချင်ဗျာ..။

Air Droid App For Android OS







ကျွန်တော်လည်း Post မရေးဖြစ်တာကြာပီဗျာ..
အခု ကျွန်တော်တွေ့ထားတာလေးတစ်ခုကို ရေးချင်စိတ်ပေါက်လာတာနဲ့ တင်ပေးပါဦးမယ်.။
Air Droid တဲ့.. 
အသုံးပြုလို့ တော်တော်လေးကောင်းတဲ့ App လေးပါ။
မိမိ ဖုန်းနဲ့ ကွန်ပြူတာကို ချိတ်ဆက်ပေးမယ့် ကောင်လေးပါ။
Internet Access ရှိယုံနဲ့ မိမိဖုန်းထဲက Data တွေကို ကွန်ပြူတာကနေ Download လုပ်ကာ
အသုံးပြုနိုင်မှာဖြစ်ပါတယ်..။
အသုံးပြုပုံကတော့ Air Droid မှာ အကောင့်တစ်ခုလုပ်ရပါမယ်။
မိမိ Android OS သုံး Mobile မှာ Air Droid App ကို Install လုပ်ရပါမယ်။
Install လုပ်ပြီးပြီဆိုရင် မိမိ Air Droid မှာ Sign Up လုပ်ထားတဲ့ အကောင့်ကို ဝင်ထားရပါမယ်။
Mobile ကနေလည်း တစ်ခါတည်း Sign Up လုပ်လို့ရပါတယ်။ 
ပြီးပြီဆိုရင် ကွန်ပြူတာကနေ http://web.airdroid.com ကိုသွားပြီး အကောင့်ကို ဝင်လိုက်ရုံနဲ့
မိမိ ဖုန်းက Data တွေကို Download လုပ်ပြီးအသုံးပြုလို့ရပါပြီ။ မိမိ ဖုန်းထဲကို ပြန်ပြီး Upload လုပ်လို့လည်း ရပါတယ်။... 
တစ်ခုတော့ရှိတယ်. မိမိဖုန်းကနေလည်း Air Droid App ကို Open ထားဖို့လည်း လိုတာပေါ့နော်.။
Internet ဖွင့်ထားဖို့လည်း မမေ့ပါနဲ့။ 

ပြီးတော့ တစ်ခုရှိပါသေးတယ်. Air Droid ရဲ့ လုပ်ဆောင်ချက်တွေထဲကပေါ့..။
မိမိ ကွန်ပြူတာက LAN Network ကနေအသုံးပြုနေတယ်ဆိုပါတော့..။ 
ကိုယ် အသုံးပြု နေတဲ့ LAN Network ကနေ WiFi Router တစ်ခုနဲ့ WiFi လည်းလွှင့်ထားတယ်.
မိမိ ဖုန်းကလည်း WiFi Network မှာ Connected ဖြစ်နေတယ်ဆိုရင်.. 
http://web.airdroid.com မှာ QR Code လေးတစ်ခုပေးပါတယ်.။
အဲ့ဒီ့ QR Code ကို Air Droid App မှာ ပါတဲ့ Scan QR Code ဆိုတာကို နှိပ်ပြီး .. 
Web Browser မှာ ပေါ်နေတဲ့ QR code ကို Scan ပေးရုံနဲ့ LAN and WAN ကို တိုက်ရိုက် 
ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်.. Internet Access ကနေသုံးရင် Internet Line ရဲ့ Speed အတိုင်း
အနှေးအမြန်ရှိမှာဖြစ်ပေမဲ့ မိမိ LAN Network နဲ့ WiFi Network ကို ချိတ်ပြီးသုံးရင်တော့
မိမိ Network ရဲ့ Speed အတိုင်း အမြန်နှုန်းနဲ့ အသုံးပြုရမှာဖြစ်ပါတယ်.။

စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က လင့်မှာ Air Droid App ကို Download လုပ်ပြီး 
စမ်းကြည့်နိုင်ပါတယ်..။ ကျွန်တော်ကတော့ တော်တော် သဘောကျပါတယ်။ 
ကွန်ပြူတာကနေလည်း ဖုန်းလှမ်းပြီးခေါ်နိုင်သလို Message လည်း ပို့နိုင်ပါသေးတယ်။.
မိမိဖုန်းမှာရှိသမျှ ဓါတ်ပုံနဲ့ သီချင်းတွေကိုလည်း ရှာနိုင်သလို မိမိဖုန်း ပျောက်သွားခဲ့မယ်ဆိုရင်လည်း
ပြန်ရှာနိုင်ပါသေးတယ်..။

ကဲ လိုချင်တယ်ဆိုရင်တော့ အောက်မှာ Download နော်..။



အဆင်ပြေကြပါစေခင်ဗျာ..။

Friday, April 19, 2013

Atom Launcher v1.4.4 For Android OS








ဒီတစ်ခေါက် ကျွန်တော် Launcher လေးတစ်ခု တွေ့လို့ပြန်တင်ပေးလိုက်တာပါ။
ကျွန်တော်ကိုယ်တိုင်လည်း သုံးနေတဲ့ Launcher လေးပါ။
Atom Launcher App လေးပါ။ Version ကတော့ 1.4.4 ပါ။
အဖြူနဲ့ အနက်ရောင် ကိုကြိုက်သူများအတွက် သဘောကျမယ့် Launcher လေးပါ။
စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ Download လုပ်သွားပါနော်.။


Atom Launcher v1.4.4 For Android OS Download Here

အဆင်ပြေကြပါစေ.. ခင်ဗျာ..။

Frozen Keyboard Pro v0.1.2 For Android


 



Frozen Keyboard ဆိုရင် Android Phone အသုံးပြုသူတိုင်းရင်နှီးပြီးသား
App ကလေးတစ်ခုပါ။ မြန်မာစာ နှင့် အင်္ဂလိပ်စာကို အပြန်အလှန်အသုံးလို့ရအောင်
ဖန်တီးပေးထားတဲ့ App ကလေးပါ။ အခု Pro Version ထွက်လာပါပီ။
ဒီဇိုင်းကလေးက အလန်းလေးပါပဲ.။ Keyboard Layout Color က အပြာရောင်လေးပါ။
iPhone Keyboard Layout နဲ့ ခပ်ဆင်ဆင်လေး ဖန်တီးပေးထားတာပါ။
မိမိ ဖုန်းပေါ်မှာ အသုံးပြုချင်တယ်ဆိုရင်တော့
အောက်က Link မှ Download လုပ်သွားပါခင်ဗျာ..။


Frozen Keyboard Pro v0.1.2 For Android OS Download Here

အဆင်ပြေကြပါစေ ခင်ဗျာ.။

Thursday, April 18, 2013

Transparent Screen v2.12 Pro For Android OS







ကျွန်တော်လည်း Post မရေးဖြစ်တာ တော်တော်ကြာပါပြီ။ မအားတာနဲ့ မရေးဖြစ်တာပါ။
အခု နည်းနည်းအားတုန်း ကျွန်တော့်ဆီမှာရှိနေတာလေးကို ပြန်တင်ပေးလိုက်ပါတယ်.။
Android OS သုံး Mobile တွေမှာ အသုံးပြုနိုင်မယ့် Transparent Screen Pro App လေးပါ
ဒီ App ကလေးကတော့ မိမိဘာကို အသုံးပြုနေ ပြုနေ မိမိ ဖုန်းနောက်ကွယ်က အရာတွေအားလုံးကို
Phone Back Camera ကိုအသုံးပြုပြီးPhone Screen မှာ Transparent အနေနဲ့ မြင်နေရမယ့်
App လေးပါ။ အဆန်းလေးတွေကိုမှ လိုချင်သူတွေအတွက် အကြိုက်တွေ့စေမယ့် App လေးပါ။
စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်က Link မှာ Download လုပ်သွားပါခင်ဗျာ..။


Transparent Screen v2.12 Pro App For Android OS Download Here

စမ်းကြည့်ပြီး အဆင်ပြေရင် Comment ပေးခဲ့ပါဦးနော်..။

Sunday, January 20, 2013

Diamond Dash v1.1 For Android OS








Diamond Dash ဆိုရင် Facebook သူငယ်ချင်းတော်တော်များသိကြမှာပါ.။
အဲ့ဂိမ်းလေးကို မိမိ ဖုန်းပေါ်မှာပဲ တင်ပြီးဆော့လို့ရပါပြီ..။
ဒါပေမဲ့ ဒီဂိမ်းလေးကို မဆော့ခင် မိမိ ဖုန်းမှာ Facebook Account ကို
Log In လုပ်ထားဖို့လိုပါတယ်..။ ဆော့ချင်တဲ့သူများ အောက်မှာ
Download Link ပေးထားပါတယ်ခင်ဗျာ..။


Diamond Dash v1.1 For Android Download Here

အဆင်ပြေကြပါစေခင်ဗျာ..။

Thursday, January 17, 2013

Third Blade v1.0.2 For Android OS











Android OS ပေါ်မှာ Fighting Game ဆော့ရတာ ကြိုက်နှစ်သက်သူများအတွက်
Third Blade Game လေးပါ..။ Fighting Game အမျိုးအစားဖြစ်ပြီး.
Version ကတော့ 1.0.2 ပါ..။ စမ်းဆော့ကြည့်ချင်တယ်ဆိုရင်တော့
အောက်မှာ Download လုပ်သွားပါခင်ဗျာ..။


Third Blade v1.0.2 For Android Download Here

အဆင်ပြေကြပါစေခင်ဗျာ...။

Tuesday, January 15, 2013

WiFi Kill For Android OS






WiFi Kill တဲ့ဗျာ.. ကလိချင်သူများအတွက် တင်ပေလိုက်တာပါ..။
မိမိ Wifi network ထဲမှာရှိတဲ့ Device တွေကို Wifi လိုင်းကို Out ပစ်လို့ရပါတယ်..။
စမ်းပြီးကလိချင်သူများအောက်မှာ Download လုပ်သွားနော်..။


WiFi Kill For Android OS Download Here


ကောင်းကောင်းကလိနိုင်ကြပါစေဗျာ.။

Monday, January 14, 2013

Counter Strike For Android OS







Counter Strike ဂိမ်းကို မိမိ Mobile, Tablet ပေါ်မှာဆော့ချင်သူများအတွက်
Counter Strike For Android OS ဖိုင်လေးကိုတင်ပေးလိုက်ပါတယ်ဗျာ..။
ကျွန်တော် လည်း ပိုစ့်မရေးဖြစ်တာကြာနေပြီ..။
အခုဒီဂိမ်းလေးကို တွေ့တာ နဲ့တင်ပေးလိုက်တာပါ..။
ဆော့ကြည့်ချင်ရင် အောက်က Link မှာ Download နော်..။


Counter Strike For Android Download Here 

အဆင်ပြေကြပါစေဗျာ..။

Thursday, January 10, 2013

SPC Music Sketchpad 2 v2.1.0 For Android OS









ဒီတစ်ခေါက် လန်းလန်းလေးနော်.. တင်ပေးလိုက်ပြီ။။
တီးလုံးမြူးမြူးလေးတွေ ကိုမှ ဖန်တီးချင်သူများအတွက်
Music Sketchpad 2 လေးပါ..။ တော်တော်လေးကိုမိုက်ပါတယ်.။
တီးလုံးခပ်လန်းလန်းတွေကို ဖန်တီးချင်သူများအတွက်
အောက်က Download Link မှာ Download လုပ်သွားပါနော်..။


SPC Music Sketchpad 2 v2.1.0 For Android OS  Download Here

အဆင်ပြေကြပါစေနော်.။

Tuesday, January 8, 2013

Easy Note For Android OS






မှတ်စုတိုလေးတွေကို ဖုန်းထဲမှာ ထည့်ထားချင်သူများအတွက်
Easy Note App လေးပါ..။
Note တွေမှတ်ထားလို့ရမယ့်အပြင် Check List လိုခေါ်တဲ့
မိမိ လုပ်ရမယ့် စာရင်းလေးတွေကို ဘယ်နှစ်ခုလုပ်ပြီးပြီလည်းဆိုတာကိုပါ
လုပ်ထားလို့ရပါတယ်..။
မရှိသေးသူများအတွက် အသုံးဝင်မယ့်ကောင်လေးပါ..။
လိုချင်တယ်ဆိုရင်တော့ အောက်မှာ Download Link နော်


Easy Note For Android OS Download Here

အဆင်ပြေကြပါစေဗျာ.။

Screen Shot App For Android OS







 မိမိတို့ Android Mobile, Tablet တွေပေါ်မှာ
Screen Shot ရိုက်ချင်သူများအတွက်
Screen Shot App လေးကို တင်ပေးလိုက်တာပါ..။ 
စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့
အောက်မှာ Download Link ပေးထားပါတယ်ခင်ဗျာ.။


Screen Shot App For Android OS Download Here

အဆင်ပြေကြပါစေခင်ဗျာ




Instant Heart Rate v2.5.7 For Android OS






Instant Heart Rate တဲ့ဗျာ.. တော်တော်မိုက်တဲ့ App လေးပါ..။
မိမိ နှလုံးခုန်နှုန်းကိုတိုင်းတာပေးမယ့် Health Care App တစ်ခုပါ.။
အသုံးပြုရတာလည်း လွယ်ကူပါတယ်..။
မိမိ နှလုံးခုန်နှုန်းမှန်မှန်စမ်းကြည့်ချင်သူများအတွက် အောက်မှာ
Download Link ပေးထားပါနော်..။


Instant Heart Rate v2.5.7 For Android OS Download Here

အဆင်ပြေကြပါစေဗျာ.။

Sunday, January 6, 2013

Google Translate App v2.5.3 For Android OS






Translate လုပ်ပေးတဲ့ App တွေထဲမှာ နာမည်ကြီးဖြစ်တဲ့
Google Translate App လေးပါ..။ အင်တာနက်ပေါ်မှာလည်း
နာမည်ကြီးတဲ့အပြင် အခု Mobile ပေါ်အထိတောင်ရောက်လာပါပြီ။
မိမိမသိတဲ့ စကားလုံးတစ်လုံးကို ဘာသာပေါင်းမျိုးစုံအထိရှာလို့ရပါတယ်.။
အဲ့ မပါတဲ့ ဘာသာတွေကတော့မပါဘူးပေါ့နော်..။ ကျွန်တော့်တို့ မြန်မာဘာသာလည်း
မပါသေးပါဘူး။။. တခြားဘာသာစကားကိုလေ့လာနေသူများအတွက်
အသုံးဝင်မယ့် App လေးပါခင်ဗျာ.။။
ဒီကောင်လေးကို သုံးမယ်ဆိုရင်တော့ အင်တာနက်လိုင်းရှိနေဖို့လိုပါတယ်
သုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ Download လုပ်သွားပါဗျာ..။


Google Translate App v2.5.3 For Android OS Download Here

အဆင်ပြေကြပါစေခင်ဗျာ..။

Saturday, January 5, 2013

SM3 Word Finder App For Android OS

























Android နဲ့နည်းနည်းအဆက်ပြတ်သွားတယ်ဗျာ..
ဒီတစ်ခါ ကျွန်တော်ရှာလို့ရထားတဲ့ App လေးတစ်ခုကို
ပြန်တင်ပေးလိုက်ပါမယ်..။ Dictionary လေးပါပဲ..။
English - Myanmar Dictionary လေးပါ..။ ထူးခြားတာက
ကိုယ်ရှာချင်တဲ့ စကားလုံးတစ်လုံးချင်းစီရဲ့ အသံထွက်ကိုပါ
ပြောပြနိုင်ပါတယ်..။ ဒီတော့ အင်္ဂလိပ်စာလေ့လာနေသူတွေအတွက်
အသုံးဝင်မယ့် App လေးတစ်ခုပါ.. ဖိုင်ကလည်း သိပ်မရှိပါဘူး.
10MB ကျော်ကျော်လေးတင်ရှိတာပါ..။
စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်က
Download Link မှာ Download လုပ်သွားပါနော်..။


SM3 Word Finder App For Android OS Download Here

အဆင်ပြေကြပါစေခင်ဗျာ.။

Saturday, December 29, 2012

Next Launcher v1.1 For Android OS






Android OS ပေါ်မှာ Launcher လန်းလန်းလေးတွေသုံးချင်သူများ
3D Launcher လေးဖြစ်တဲ့ Next Launcher လေးပါခင်ဗျာ..။
Version ကတော့ 1.1 ပါ..။ စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့
အောက်မှာ Download လုပ်သွားပါခင်ဗျာ..။


Next launcher v1.1 Download Here

အဆင်ပြေကြပါစေခင်ဗျာ..။

Thursday, December 27, 2012

MP4 Media Player For Android






ဒီတစ်ခေါက် တကယ်အသုံးဝင်တဲ့ App တစ်ခုကိုတင်ပေးလိုက်တာပါ.။
ဒါကတော့ Media Player လေးတစ်ခုပါ.။ တော်တော်လေးကောင်းပါတယ်.။
Android ဖုန်းထဲမှာရှိသမျှ ဗီဒီယိုဖိုင်တွေအကုန်ဖွင့်လို့ရပါတယ်.။
DAT, MPG ဖိုင်တွေအထိတောင် Support လုပ်ပါတယ်.။
တကယ်အသုံးဝင်တဲ့ App တစ်ခုလို့ပြောရမှာပါ..။
စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ Download Link ပေးထားပါတယ်.။
Download လုပ်သွားပါခင်ဗျာ..။


MP4 Media Player For Android Download Here

အဆင်ပြေကြပါစေဗျာ..။

Wednesday, December 26, 2012

Android Mobile Driver Collection






Android Phone တွေအတွက် Phone Driver လေးတွေစုပြီးတင်ပေးလိုက်တာပါ။
မိမိဖုန်းအမျိုးအစားကိုမူတည်ပြီး Download လုပ်သွားပါခင်ဗျာ..။

Samsung Phones & Tablets 

Google Phones & Tablets 

HTC Phones 

Sony Phones & Tablets 

LG Phones 

Motorola Phones 

ZTE Phones 

Huawei Phones & Tablets 

 

အဆင်ပြေကြပါစေဗျာ..။

Tuesday, December 25, 2012

King Root App v2.1 For Android OS





Android ဖုန်းတွေကို Root လုပ်ချင်သူများအတွက်..
King Root Android App လေးပါ။ Root လုပ်ရတာမြန်ဆန်ပြီး.
အသုံးပြုရတာရှင်းလင်းတဲ့ App လေးပါ..။
Android Version တော်တော်များများကို Support လုပ်ပါတယ်.။
စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်က Download Link မှာ
Download လုပ်သွားပါခင်ဗျာ..။





King Root App v2.1 For Android OS Download Here

ကွန်ပြူတာကနေ Root လုပ်ချင်သူများအတွက် King Root PC Tool လေးပါ
တစ်ခါတည်းတင်ပေးလိုက်ပါတယ်..။





King Root PC Tool v1.3 Download Here

အဆင်ပြေကြပါစေဗျာ..။

Easy Launcher With Voice App For Android OS








 မိမိတို့ ဖုန်းကိုအသံနဲ့ ထိန်းချုပ်ပြီး စေခိုင်းချက်များကိုပြုလုပ်ချင်သူများ
အတွက် Easy Launcher With Voice App လေးပါ..
ဒီဇိုင်းကတော့ စွဲမက်ဖွယ်ကောင်းပါတယ်..။ ရှင်းရှင်းလင်းလင်း ဒီဇိုင်းမျိုးလေးပါ.။
ဒီကောင်လေးကို အသုံးပြုချင်တယ်ဆိုရင်တော့ မိမိဖုန်းမှာ Internet Access ရနေဖို့လိုပါတယ်.။
ဘာပြောပြော သုံးလို့ကောင်းမယ့် App တစ်ခုပါ။
စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ Download လုပ်သွားပါနော်..။


Easy Launcher With Voice App For Android OS Download Here

ဒီကောင်လေးကို သုံးတော့မယ်ဆိုရင် တွဲဖက် App အဖြစ် Google Voice Search App ကို
တောင်းပါတယ်.. တစ်ချို့ Mobile တွေ Tablet တွေမှာ Auto ပါလေ့ရှိပါတယ်..။ မရှိသေးဘူးဆိုရင်တော့
အောက်က Download Link မှာ Download လုပ်သွားပါခင်ဗျာ.။

Google Voice Search App v2.1.4 For Android OS Download Here

အဆင်ပြေကြပါစေဗျာ..။