LEARNER GUIDE လာလည်သူများကိုကြိုဆိုပါတယ်ခင်ဗျာ။

Learner Guide မှ Download မလုပ်တတ်သူများအတွက် Learner Guide လမ်းညွှန် ကိုတော့ ဖတ်ပေးကြပါနော်

LEARNER GUIDE BOOK LIBRARY လေးမှာ စာအုပ်လေး Download လုပ်နိုင်ပါပြီခင်ဗျာ..။

Mobile User များအတွက် LEARER GUIDE Mobile App လေးပါ.။


Showing posts with label Google. Show all posts
Showing posts with label Google. Show all posts

Tuesday, December 25, 2012

Google Talk Labs Edition









Google Talk Labs Edition လေးပါ။ ကျွန်တော့်ဆီရှိနေတာနဲ့တင်ပေးလိုက်တာပါ။
ပေါ်တာကတော့ ကြာလှပါပြီ.။သိတဲ့သူတွေလည်းရှိချင်ရှိမှာပါ။
မသိသေးတဲ့သူတွေလည်း စမ်းသုံးချင် စမ်းသုံးရအောင် Download လုပ်သွားပါနော်.။
Google မှာတော့ ဒီကောင်လေးကို ရှာလို့မရတော့ပါဘူး..။ Free Hosting Site တစ်ခုကနေရှာပြီးတော့ ပြန်တင်ပေးထားတာပါ။ အစမ်းသဘောမျိုးတော့ သုံးလို့ကောင်းပါတယ်.။ ဒီဇိုင်းကတော့ ကွာပါတယ်..အခုသုံးနေကျ Gtalk Software နဲ့ပေါ့..။
အောက်မှာ Download Link နော်.။


Google Talk Labs Edition Download Here

အဆင်ပြေကြပါစေခင်ဗျာ.။

Friday, December 14, 2012

Google Talk Guru Account


















အခု ဒီအကောင့်လေးကို သိပြီးသူတွေလည်းရှိချင်ရှိပါလိမ့်မယ်..။
မသိသေးသူများအတွက်ရည်ရွယ်ပြီး ဒီပိုစ့်ကိုရေးဖြစ်တာပါ။

မိမိ Gtalk Account မှာ Google Talk Guru Account ကို ကျွန်တော်တို့
သာမန် သူငယ်ချင်း Invite လုပ်သလိုအပ်လိုက်ပါ။
အကောင့်နာမည်က...  guru@googlelabs.com  လေးပါ။
အဲ့အကောင့်လေး မိမိ Gtalk အကောင့်ထဲမှာတတ်လာပြီဆိုရင် စပြီးတော့
အသုံးပြုလို့ရပါပြီ။ ဘယ်လိုအသုံးပြုရမလည်းဆိုတော့ ကျွန်တော်တို့ သာမန်စကားပြောသလိုမျိုး
help ဆိုပြီးရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် သူနဲ့ဆိုင်တဲ့ Information ကိုရပါလိမ့်မယ်.။
နားလည်သွားအောင်အောက်မှာနမူနာအချို့ကိုရေးပြထားပါတယ်.။

Me => help

Guru =>  Welcome to Google Talk Guru. Please enter a query. 
               The following topics are supported: score, weather, define, translate, web. 
                Enter 'help <topic>' to learn more, i.e. 'help score'.

Me => help define

Guru =>  Enter 'define <term> or 'd <term>' to get definition of the term i.e. 'd internet'.
               Ask for one definition at a time.

Me => define animals

Guru => Glossary: an·i·mal: 
             1. Noun: A living organism that feeds on organic matter, typically having       
                specialized sense organs and nervous system and able to respond rapidly to  
                stimuli
             2. Noun: Any such living organism other than a human being


Information လေးတွေကို တိုက်ရိုက်မေးလို့ရတဲ့ Google Talk Guru Account လေးပါ။
စိတ်ဝင်စားရင် ကိုယ့်ဘာသကိုယ်သာ အပ်ပြီးမေးတော့နော်.။
အားလုံးကိုအဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်.။

Friday, November 16, 2012

Google's New Compose Style
























ပုံလေးမြင်ကြရဲ့လားဗျာ.
စတိုင်လ်ပြောင်းသွားတဲ့ Google ရဲ့ Gmail Compose အသစ်လေးပါ။
ဒါလေးက Compose ဆိုတာလေးကို ကလစ်လိုက်တာနဲ့ တန်းပြီးတော့
တတ်လာတဲ့ ကောင်လေးပါ။ မြန်မြန်ဆန်ဆန်ပို့လို့်ရအောင်ပေါ့နော်။
ကျွန်တော်တို့ Gmail မှာချက်ရင် ပေါ်သလိုမျိုး သူ့ကိုတစ်ချက်ကလစ်လိုက်တာနဲ့
Chatting လုပ်တဲ့ ပုံစံမျိုးလေးတတ်လာတာပါ။ ပြောရမယ်ဆိုရင်
Compose ဆိုတဲ့ စာမျက်နှာကြီးကိုသွားစရာမလိုတော့တာပါပဲ။
Inbox မှာတင်အကုန်ပြီးသွားအောင် လုပ်လို့ရသွားတာပေါ့။
တခြား Attach File တွေဘာတွေတွဲချင်ရင်လည်း
အောက်နားလေးမှာ ကလစ်ပုံလေးထည့်ပေးထားကိုတွေ့ကြမှာပါ။
ကျွန်တော်တော့် ဒီပုံစံလေးကိုပိုကြိုက်တယ်။ သူများတွေသိအောင်ဆိုပြီးတော့
ပြန် တင်ပေးလိုက်တာ အသိပေးရုံပါပဲ ။
သုံးတာကတော့ ကိုယ့်အပိုင်းပေါ့နော်။
ကျွန်တော်က တော့သုံးနေပြီး။ ဟိဟိ..။

ကဲ အသစ်တက အသစ်တွေကိုမှ အမြဲတမ်းသုံးနေချင်သူများအတွက်
အသစ်ကလေးတစ်ခုပေါ့နော်။

အဲ..မေ့လို့ ဒါက သူဘာသာသူအော်တိုပြောင်းတာမဟုတ်ဘူးနော်။
သူပြထားတာလေးကိုကလစ်လိုက်လို့ သူ့ဘာသူဖြစ်သွားတာ။
ဒီအတိုင်းလေးတတ်လာရင် Try It Now ဆိုတာလေးကိုကလစ်လိုက်ရင်
အိုကေပြီ...။
အောက်မှာ သူတတ်လာမယ့်ပုံစံလေး။
ပုံကဝါးနေရင် တစ်ချက်ကလစ်ပြီးကြည့်နော် ပုံအကြီး ပေါ်လာလိမ့်မယ်။


















ကလိကြည့်လိုက်ဦးနော်။

Wednesday, October 31, 2012

Myanmar Gtalk Black Colour

























Gtalk ကို ဒါနဲ့ဆိုကျွန်တော် နှစ်ခုမြောက်တင်ပေးတာပေါ့နော်။
အရင်တစ်ခေါက်က အစိမ်းရောင်လေးပါ။ အခုတစ်ခေါက်တော့ အမည်းရောင်လေးပေါ့။
ကဲ မိမိ Gtalk အကောင့်ကို အမည်းရောင်လေးထဲမှာ ဝင်ပြီးကလိကြည့်မယ်ဆိုရင်တော့
အောက်မှာ Download Link ပေးထားတယ်နော်။ သုံးဖူးတယ်ရှိအောင်
Download လုပ်သွားပါဗျာ။


Myanmar Gtalk Black Colour Download Here

ကောင်းကောင်းချက်နိုင်ကြပါစေ။

Friday, October 26, 2012

GMAIL အစွမ်းထက်နည်း ( ၈၀ ) စာအုပ်








မိမိ GMail ကိုကောင်းမွန်အောင်အသုံးပြုရမယ်ဆိုတာကိုရေးသားထားတဲ့
စာအုပ်လေးပါ။ မိမိ Gmail ကို ပိုမိုကောင်းမွန်အောင်လုပ်ချင်သူများအတွက်
အသုံးဝင်မယ့်စာအုပ်လေးတစ်အုပ်ပါ။ ဖတ်ပြီးတော့ လေ့လာချင်တယ်ဆိုရင်
အောက်မှာ Download Link ပေးထားတယ်နော်


GMAIL အစွမ်းထက်နည်း ( ၈၀ ) စာအုပ် အားရယူရန် ဒီမှာနှိပ်ပါ

အဆင်ပြေကြပါစေဗျာ။

Tuesday, May 22, 2012

Gtalk Idle

ကျွန်တော်တို့ Gtalk မှာ Idle လုပ်ချင်သူများအတွက်ပါ...

Gtalk သုံးနေသူတွေမြင်ဖူးကြမှာပါ..
အဝါရောင်လေးပြနေတဲ့.. Gtalk လေးကိုပါ..

အမှန်က စက်နားမှာလူမရှိရင်..
အဝါရောင်လေးပြောင်းသွားပါတယ်..
ဒါကို စက်နားမှာလူရှိနေရင်းနဲ့.
Idle ထားချင်တယ်ဆိုရင်.Software နဲ့လုပ်ရပါတယ်..
လုပ်ပုံလုပ်နည်းကိုတစ်ဆင့်ချင်းရှင်းပြပေးသွားပါမယ်..

အောက်ကပုံလေးကိုကြည့်ပါ..
Gtalk ကို Idle လုပ်ထားတာပါ..






Software ကို အရင် Download လုပ်ပါ..
Download Link ကိုအောက်မှာပေးထားပါတယ်.

Gtalk Idle Software Download Here

Software ကို Download လုပ်ပြီးပြီဆိုရင်.
အောက်ကပုံလေးကိုမြင်ရမှာပါ..
ဒါလေးကို Double Click လုပ်ပြီး Install လုပ်ပါ..










Double Click လုပ်ပြီးရင် အောက်ကပုံလေးကိုတွေ့ရမှာပါ..
















Install ဆိုတာလေးကိုနှိပ်ပြီးရင်
အောက်က စာတန်းလေးထပ်ပြီးတော့ပြပါလိမ့်မယ်.
OK ပေးလိုက်ပါ..
ဒါဆိုရင်မိမိ Gtalk ကို Idle လုပ်လို့ရပါပြီ.










မိမိ Gtalk Icon လေးကို Right Click လုပ်ပါ..

ပြီးရင်.. Always Idle ဆိုတာလေးကို Click လိုက်ပါ..
ဒါဆိုရင် Gtalk မှာ အဝါရောင်လေးပြောင်းသွားတာကို
တွေ့ရမှာပါ..



ကဲ တတ်မြောက်ကြပါစေ..

Gtalk Idle Software ကို မိမိ Gmail ထဲကိုလိုချင်တယ်ဆိုရင်.
gtalkmintarlay@gmail.com ကို Mail ပို့ပြီးတောင်းဆိုနိုင်ပါတယ်..


အယ်လ်ကောင်လေးမှမျှဝေပါတယ်..

Sunday, May 20, 2012

Google Docs..

ကျွန်တော်သိသလောက်တင်ပေးလိုက်တာပါ..

ကျွန်တော်တို့ အင်တာနက်ပေါ်မှာဖိုင်တွေမျှဝေချင်ရင်ပဲဖြစ်ဖြစ်
သူငယ်ချင်းအချင်းချင်း သီချင်းတွေပို့ချင်ရင်ပဲဖြစ်ဖြစ်..
အသုံးဝင်တဲ့.. Google ရဲ့ Document ပါ..

မိမိတို့မျှဝေချင်တဲ့ဖိုင်လေးတွေကို..
အချိန်တိုတိုအတွင်းမှာ..မျှဝေနိုင်မှာဖြစ်ပါတယ်..

အောက်မှာပုံလေးတွေနဲ့တစ်ဆင့်ဆီရှင်းပြပေးသွားပါ့မယ်..

အရင်ဦးဆုံး..ကျွန်တော်တို့..GMail ကိုဝင်ပါမယ်..

ပြီးရင်.. အောက်ကပုံလေးက Documents ဆိုတာလေးကိုနှိပ်လိုက်ပါ.


Google Docs ပွင့်လာပြီဆိုရင်...

မိမိမျှဝေမယ့် Files တွေကို Upload လုပ်ရပါမယ်.
အောက်က Icon လေးကိုရှာပြီးတော့ နှိပ်ပါ..


ပြီးရင်..
အောက်ကပုံလေးထဲက Files ... ဆိုတာလေးကို Click ပါ.



အဲ့ဒီမှာ..မိမိလိုချင်တဲ့ Files ကိုရွေးပေးပါ..
နှစ်ခုသုံးခုကိုတစ်ခါတည်းတင်ချင်တယ်ဆိုရင်..
Ctrl ကိုဖိပြီး Select လုပ်ပေးပါ.
အောက်ကပုံလေးကိုကြည့်ပါ.

  
ရွေးပြီးတာနဲ့.. Upload လုပ်တာကိုခဏစောင့်ပေးပါ..
အောက်ကပုံလေး မှာ ပြထားပါတယ်..Upload လုပ်နေတာလေးကိုပါ.
အမည်းရောင်အတန်းလေးပြည့်သွားရင်.. 
မိမိပို့ချင်တဲ့သူဆီကို ပို့လို့ရပါပြီ.
အောက်ကပုံလေးကိုကြည့်ပါ..
Upload လုပ်ပြီးသီချင်းလေးကို
တွေ့ရမှာပါ.


မိမိပို့လိုတဲ့သီချင်းကို Check လုပ်ပြီး
အနီရောင်လိုင်းလေးပြထားတဲ့...
လူပုံစံ အပေါင်းလေးကိုနှိပ်ပါ..

အောက်ကပုံလေးမှာတွေ့ရပါမယ်..



ဒီမှာ လုပ်ရမှာက.. yourfriend email@gmail.com
ဆိုတဲ့နေရာမှာ မိမိသူငယ်ချင်းအီးမေလ်းအကောင့်ကိုထည့်ပေးပါ.
ပြီးရင်..Share & save ဆိုတာကိုနှိပ်ပါ..
ဒါဆိုရင်..
သင့်သူငယ်ချင်းအကောင့်မှာ..
သင်ပို့လိုက်တဲ့..သီချင်းဟာရောက်သွားမှာဖြစ်ပါတယ်..
အောက်ကပုံလေးကိုကြည့်ပါ..
အနီရောင်လေးနဲ့ဝိုင်းပြထားတာက
သင့်သူငယ်ချင်းအသစ်ရောက်လာတဲ့
အီးမေလ်းကိုဖွင့်ရင်မြင်ရမယ့် သီချင်းလေးပါ..
အဲ့ဒါလေးကိုကလစ်လိုက်ရင်..
အောက်ကလင့်လေးကိုရောက်သွားမှာဖြစ်ပြီး..

Download ဆိုတာလေးကိုကလစ်လိုက်ရင်.သီချင်းလေးကိုနားထောင်လို့ရပါပြီ.
ကဲ..အခုလောက်ဆိုရင်.သီချင်းတွေလည်းပို့တတ်လောက်ပါပြီ..
ကျွန်တော်တို့ မေးလ်ထဲကနေလည်း.. Attach File တွဲပြီးပို့ရင်ရပေမဲ့..
ကြာပါတယ်..
ဒါလေးက
သိပ်မကြာပါဘူး..
Download လုပ်ရတာကလည်းအတူတူပဲမို့..
လုပ်တတ်ပါစေလို့ ရေးပေးလိုက်တာပါ..




အယ်လ်ကောင်လေးမှ မျှဝေပါသည်..