LEARNER GUIDE လာလည်သူများကိုကြိုဆိုပါတယ်ခင်ဗျာ။

Learner Guide မှ Download မလုပ်တတ်သူများအတွက် Learner Guide လမ်းညွှန် ကိုတော့ ဖတ်ပေးကြပါနော်

LEARNER GUIDE BOOK LIBRARY လေးမှာ စာအုပ်လေး Download လုပ်နိုင်ပါပြီခင်ဗျာ..။

Mobile User များအတွက် LEARER GUIDE Mobile App လေးပါ.။


Monday, June 10, 2013

Air Droid App For Android OS







ကျွန်တော်လည်း Post မရေးဖြစ်တာကြာပီဗျာ..
အခု ကျွန်တော်တွေ့ထားတာလေးတစ်ခုကို ရေးချင်စိတ်ပေါက်လာတာနဲ့ တင်ပေးပါဦးမယ်.။
Air Droid တဲ့.. 
အသုံးပြုလို့ တော်တော်လေးကောင်းတဲ့ App လေးပါ။
မိမိ ဖုန်းနဲ့ ကွန်ပြူတာကို ချိတ်ဆက်ပေးမယ့် ကောင်လေးပါ။
Internet Access ရှိယုံနဲ့ မိမိဖုန်းထဲက Data တွေကို ကွန်ပြူတာကနေ Download လုပ်ကာ
အသုံးပြုနိုင်မှာဖြစ်ပါတယ်..။
အသုံးပြုပုံကတော့ Air Droid မှာ အကောင့်တစ်ခုလုပ်ရပါမယ်။
မိမိ Android OS သုံး Mobile မှာ Air Droid App ကို Install လုပ်ရပါမယ်။
Install လုပ်ပြီးပြီဆိုရင် မိမိ Air Droid မှာ Sign Up လုပ်ထားတဲ့ အကောင့်ကို ဝင်ထားရပါမယ်။
Mobile ကနေလည်း တစ်ခါတည်း Sign Up လုပ်လို့ရပါတယ်။ 
ပြီးပြီဆိုရင် ကွန်ပြူတာကနေ http://web.airdroid.com ကိုသွားပြီး အကောင့်ကို ဝင်လိုက်ရုံနဲ့
မိမိ ဖုန်းက Data တွေကို Download လုပ်ပြီးအသုံးပြုလို့ရပါပြီ။ မိမိ ဖုန်းထဲကို ပြန်ပြီး Upload လုပ်လို့လည်း ရပါတယ်။... 
တစ်ခုတော့ရှိတယ်. မိမိဖုန်းကနေလည်း Air Droid App ကို Open ထားဖို့လည်း လိုတာပေါ့နော်.။
Internet ဖွင့်ထားဖို့လည်း မမေ့ပါနဲ့။ 

ပြီးတော့ တစ်ခုရှိပါသေးတယ်. Air Droid ရဲ့ လုပ်ဆောင်ချက်တွေထဲကပေါ့..။
မိမိ ကွန်ပြူတာက LAN Network ကနေအသုံးပြုနေတယ်ဆိုပါတော့..။ 
ကိုယ် အသုံးပြု နေတဲ့ LAN Network ကနေ WiFi Router တစ်ခုနဲ့ WiFi လည်းလွှင့်ထားတယ်.
မိမိ ဖုန်းကလည်း WiFi Network မှာ Connected ဖြစ်နေတယ်ဆိုရင်.. 
http://web.airdroid.com မှာ QR Code လေးတစ်ခုပေးပါတယ်.။
အဲ့ဒီ့ QR Code ကို Air Droid App မှာ ပါတဲ့ Scan QR Code ဆိုတာကို နှိပ်ပြီး .. 
Web Browser မှာ ပေါ်နေတဲ့ QR code ကို Scan ပေးရုံနဲ့ LAN and WAN ကို တိုက်ရိုက် 
ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်.. Internet Access ကနေသုံးရင် Internet Line ရဲ့ Speed အတိုင်း
အနှေးအမြန်ရှိမှာဖြစ်ပေမဲ့ မိမိ LAN Network နဲ့ WiFi Network ကို ချိတ်ပြီးသုံးရင်တော့
မိမိ Network ရဲ့ Speed အတိုင်း အမြန်နှုန်းနဲ့ အသုံးပြုရမှာဖြစ်ပါတယ်.။

စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က လင့်မှာ Air Droid App ကို Download လုပ်ပြီး 
စမ်းကြည့်နိုင်ပါတယ်..။ ကျွန်တော်ကတော့ တော်တော် သဘောကျပါတယ်။ 
ကွန်ပြူတာကနေလည်း ဖုန်းလှမ်းပြီးခေါ်နိုင်သလို Message လည်း ပို့နိုင်ပါသေးတယ်။.
မိမိဖုန်းမှာရှိသမျှ ဓါတ်ပုံနဲ့ သီချင်းတွေကိုလည်း ရှာနိုင်သလို မိမိဖုန်း ပျောက်သွားခဲ့မယ်ဆိုရင်လည်း
ပြန်ရှာနိုင်ပါသေးတယ်..။

ကဲ လိုချင်တယ်ဆိုရင်တော့ အောက်မှာ Download နော်..။



အဆင်ပြေကြပါစေခင်ဗျာ..။

No comments:

Post a Comment

တစ်စုံတစ်ခုလိုနေတာလေးများရှိရင် ဒီနေရာလေးမှာပြောပေးခဲ့ကြပါနော်။