LEARNER GUIDE လာလည်သူများကိုကြိုဆိုပါတယ်ခင်ဗျာ။

Learner Guide မှ Download မလုပ်တတ်သူများအတွက် Learner Guide လမ်းညွှန် ကိုတော့ ဖတ်ပေးကြပါနော်

LEARNER GUIDE BOOK LIBRARY လေးမှာ စာအုပ်လေး Download လုပ်နိုင်ပါပြီခင်ဗျာ..။

Mobile User များအတွက် LEARER GUIDE Mobile App လေးပါ.။


Saturday, December 29, 2012

How to Remove Windows 7 Logon Password





Windows 7 က Log On Password မေ့သွားသူတွေ အတွက် Log On Password
ဖြုတ်နည်းလေးတင်ကို ပြန်ကော်ပီလုပ်ပြီး တင်ပေးလိုက်ပါတယ်..။

လိုအပ်တာကတော့ Window 7 DVD တချပ်တည်းပါ။




။ ပထမဆုံး Window 7 DVD ကိုထည့်ပြီး Boot တက်လိုက်ပါတရ်။
၂။ Repair your computer ကို နှိပ်လိုက်ပါတရ်။
၃။ ထို့နောက် Command Prompt ကို ထပ်နှိပ်လိုက်ပါတရ်။




၎။ Command Box ကျလာလျှင် အောက်ပါအတိုင်း ရိုက်လိုက်ပါ။
ပထမတစ်ကြောင်းက
copy c:\windows\system32\sethc.exe c:\
ဒုတိယတစ်ကြောင်းက
copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe




၅။ Command တွေရိုက်လို့ ပြီးသွားရင်တော့ ကွန်ပြူတာကို Restart ချလိုက်ပါ။
၆။ ဒုက္ခပေးနေတဲ့ Log-In နေရာရောက်ရင် Keyboard ကနေ Shift Key ကို ၅ ချက်လောက် နှိပ်လိုက်ပါ။
Command Box တက်လာပါလိမ့်မယ်။




၇။ net user ဆိုတဲ့ command ကို ရိုက်လိုက်လျှင် အထဲမှာရှိတဲ့ User Account တွေကို မြင်ရပါမယ်။
၈။ အခုရိုက်ရမှာက net user UserName NewPassword
UserName မှာ ကို Password ပြောင်းချင်တဲ့ Account Name ပါ။
NewPassword ကတော့ အသစ်ပြန်ပေးမယ့် Password ကို ရိုက်ပေးရမှာပါ။
အပေါ်ပုံအတိုင်းဆို ရိုက်ရမယ့် Command က net user rpm yangon
၉။ Command    ရိုက်လိုက်လို့   The command completed successfully.   ဖြစ်သွားရင် အသစ်ထားထားတဲ့ Password (yangon) ကိုရိုက်ပြီး Log-In ၀င်လို့ရပါပြီ။ ကျွန်တော့်တုန်းက Error ဖြစ်တရ်။ Error ဖြစ်တော့ User Account ထဲမှာ ဘာအကောင့်ရှိသလဲ ဆိုပြီး net user ဆိုတဲ့ Command သုံးပြီး ပြန်ကြည့်ကြည့်လိုက်ပါတရ်။
အဲ့မှာ Administrator အကောင့်နဲ့ RPM ဆိုတဲ့အကောင့်ကို တွေ့ရပါတရ်။
RPM ဆိုတဲ့အကောင့်ကို ခုနတုန်းက password အသစ်ရိုက်ထည့်တော့ Error ပြတော့ အခု Administrator အကောင့်ကို password ပြန်ထည့်လိုက်ပါတရ်။
Example : net user administrator yangon
အဲ့လို ရိုက်လိုက်တော့မှ The command completed successfully ဖြစ်သွားတရ်။
၁၀။ အဲ့မှာခက်တာက Log-In Screen မှာ Administrator အကောင့်ကို ဖျောက်ထားတရ်ဗျ။
၁၁။ ဒါနဲ့ အောက်က command ကိုထပ်ရိုက်ပြီး Administrator အကောင့်ကို ဖော်လိုက်ပါတရ်။
၁၂။ net user administrator /active:yes
၁၃။ ပြီးလျှင် ကွန်ပြူတာကို Restart ပြန်ချလိုက်ပါ။ ပြန်တက်လာလျှင် Administrator အကောင့်နဲ့ RPM အကောင့်ဆိုပြီး ၂ ခုပေါ်နေပါလိမ့်မယ်။ Administrator အကောင့်မှာ password ကို yangon ရိုက်ပြီး အထဲဝင်လို့ရသွားပါပြီ။
၁၄။ လက်ရှိသုံးနေတဲ့ အကောင့်ရဲ့ Password ကို ချိန်းဖို့ဘဲကျန်တော့တရ်။
၁၅။ Run Box ကိုခေါ်ပြီး compmgmt.msc လို့ရိုက်လိုက်ပါ။




ဘယ်ဘက်က local User and Groups ကို နှိပ်ပါ။ ညာဘက်က User ကို ထပ်နှိပ်ပြီး ၀င်လိုက်ပါ။ အထဲမှာ ကိုပြောင်းချင်တဲ့ User Account ကို ရွေးပြီး R-Click > set password နှိပ်ပြီး Password အသစ်ပေးလိုက်ပါ။
၁၆။ ဒါဆိုရင် ခုနက ၀င်လို့မရတဲ့ RPM ဆိုတဲ့အကောင့်က Password အသစ်နဲ့ အောင်အောင်မြင်မြင် ၀င်လို့ရသွားပါပြီ။
တခုကျန်သေးတာက အကယ်လို့ Log-In Screen မှာ Administrator အကောင့်ကို ပြန်ဖျောက်ထားချင် တရ်ဆိုလျှင်
Net user administrator /active:no  လို့ ပြန်ရိုက်ပေးရမယ်နော်။



ကဲ ....Log On Password မေ့နေသူများနဲ့ Service သမားများအတွက် အဆင်ပြေစေဖို့ 
ဒီကောင်လေးကို Share ပေးလိုက်တာပါ။.။
Original Link မှာသွားဖတ်ချင်တယ်ဆိုရင်တော့...

http://www.rpmcomputer.blogspot.com/2012/11/window-7-log-in-password.html

မှာ သွားဖတ်နိုင်ပါတယ်..။

 အဆင်ပြေကြပါစေဗျာ.။

No comments:

Post a Comment

တစ်စုံတစ်ခုလိုနေတာလေးများရှိရင် ဒီနေရာလေးမှာပြောပေးခဲ့ကြပါနော်။