

ဒီတစ်ခေါက်တင်ပေးလိုက်တဲ့ ဂိမ်းလေးကတော့
ကျွန်တော်တို့နဲ့သိပ်မစိမ်းတဲ့ ဂိမ်းလေးပါ။
PS2 ဆော့တဲ့သူများကတော့ ဒီဂိမ်းလေးကိုသိကြမှာပါ။
Resident Evil 4 ဂိမ်းလေးပါ။
အခု Android အတွက် ထုတ်ထားတဲ့ ဂိမ်းက မိမိတို့ Resident Evil 4 ကို
ဂိမ်းစက်ပေါ်မှာဆော့တာနဲ့ အတူတူပဲဖြစ်တဲ့ အတွက်
PS 2 ဂိမ်းမှာဆော့ဖူးသူးများအတွက်တော့ လွယ်ကူမယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။
ဇာတ်လမ်းအလိုက်ဆော့လို့ရသလို သူခိုင်းတဲ့အချက်လေးတွေကိုလိုက်လုပ်ရင်း
ဆော့ရတာလည်းရှိပါတယ်။ ဖုန်းတွေပေါ်မှာဆော့ရတာဆိုတော့
အသွင်သစ်တစ်မျိုးကို ခံစားရမှာပါ။
ဒါပေမဲ့ ဖုန်း နဲ့ Tablet ပေါ်မှာ ဆော့တာဖြစ်တဲ့အတွက် နှိပ်ရတာတော့
နည်းနည်းအခက်အခဲရှိနိုင်ပါတယ်။ ဒါပေမဲ့ သိပ်တော့အခက်အခဲကြီးမဟုတ်ပါဘူး
ဆော့သားကျသွားရင် အေးဆေးဖြစ်သွားမှာပါနော့်
Resident Evil ဂိမ်းအသဲစွဲဖြစ်နေသူများ
မိမိတို့ Mobile နှင့် Tablet တွေပေါ်မှာ ဆော့ချင်ရင်ဆော့လို့ရအောင်
ကျွန်တော်တင်ပေးလိုက်တာပါ။
ဆော့ချင်တယ်ဆိုရင်တော့ အောက်မှာ Download လုပ်သွားပါနော်။
File Size က 80.9 MB ရှိပါတယ်။
Resident Evil 4 Mobile Edition For Android OS Download Here
ကောင်းကောင်းဆော့နိုင်ကြပါစေ.။
ကျွန်တော်က တော့ ဒီဂိမ်းကို ကြိုက်လွန်းလို့အတင်းရှာပြီး Download လုပ်ထားတာ။
ကျွန်တော်လို ဒီဂိမ်းလေးကြိုက်သူများရှိရင် ဆော့ရအောင်
ပြန်တင်ပေးလိုက်တာပါ။...။
No comments:
Post a Comment
တစ်စုံတစ်ခုလိုနေတာလေးများရှိရင် ဒီနေရာလေးမှာပြောပေးခဲ့ကြပါနော်။